Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Sunday, August 10, 2008

ခေတ်ပေါ်မြန်မာကဗျာသစ်

ဒီနေ့မြန်မာကဗျာတွေကို ကြည့်ရင်း စီးကြောင်းသုံးသွယ်နဲ့စီးမျောနေတာ တွေ့ရပါတယ်။
(၁) ရှေးရိုးစဉ်လာကဗျာစီးကြောင်း(ဂန္ထ၀င်ကဗျာပုံသ ဏ္ဍာန်)
(၂) လွတ်လပ်ကာရန် ကဗျာစီးရေကြောင်း (တချို့က မိုးဝေကဗျာလို့ ဆိုကြပါတယ်။)
(၃) ဒီနေ့ ခေတ်ပေါ်မြန်မာကဗျာ သစ်စီးကြောင်း
စတာတွေဖြစ်ကြပါတယ်။
ဒီအထဲ နောက်ဆုံးဖြစ်ပေါ် တိုးတက်လာနေတဲ့ ခေတ်ပေါ်မြန်မာကဗျာသစ်ကိစ္စ ကိုပဲ ဦးတည်ပြောချင်ပါတယ်။ ခေတ်ပေါ်မြန်မာကဗျာသစ်ကို တချို့က 'မော်ဒန်' ကဗျာလို့ဆိုပြီး၊တချို့က ' ကာရန်မဲ့ကဗျာ ' လို့ဆိုကြ ပါတယ်။ Modern ဆိုတဲ့ စကားလုံးကို မြန်မာလို 'ခေတ်ပေါ်' လို့လည်း ပြန်ဆိုလို့ရပါတယ်။ ဒါပေမယ့် 'ကာရန်မဲ့ကဗျာ' ဆိုတာကိုတော့ ကျွန်တော်တို့ လည်း ဆန်းစစ်ဖို့လိုမယ် ဖြစ်ပါတယ်။
ကာရန်မဲ့ကဗျာဆိုပြီး ကျွန်တော် စတွေ့မိတာက ဆရာ ဒေါင်းနွယ်တွေရဲ့ 'ကဗျာပုလဲကုံး' ကဗျာစာ အုပ် ထဲက ‘ စောင်းသမား လေမုန်တိုင်း’ ကဗျာပါပဲ။
‘ မင်းနဲ့ငါ မတွေ့နိုင်တော့ဘူး အချစ်ရယ်။
လှေပျက်ခဲ့ပေါင်းလည်း များလှပါပြီ
မုန်တိုင်းဟာ အရက်မူးနေတဲ့ မျောက်သိုးရိုင်းကြီး လိုပါပဲကွယ်။ -------------------
...........................
သူတေးဆိုနေသတဲ့ကွယ်
မောင်တော့၊ကမ္ဘာဆယ်ကု ဋေကမ္ဘာအဆုံး
မယုံနိုင်ဘူး မောင့်သဲရယ်’
ကဗျာရဲ့ အောက်ခြေမှာ ဆရာ ဒေါင်းနွယ်ဆွေက
ဒီလို မှတ်ချက်ပေးထားပါတယ်။
(ကာရန် မပါသော ကဗျာနု စာညွန့်ဝတ္ထုကဲ့သို့ ရေးသားသီဖွဲ့အပ်သဖြင့် ထိုစပ်နည်းကို ‘ကာရန်မဲ့ကဗျာ’ ဟုစမ်းသပ်အမည် ပေးရခြင်း ဖြစ်လေသည်) တဲ့။
ဆရာဒေါင်းနွယ်ဆွေတို့ခေတ် က တချို့ကဗျာ ဆရာတွေဟာ ကဗျာပုံ သဏ္ဍာန် အသစ်ဆန်းတွေကို စမ်းသပ်ခဲ့ကြ ပါတယ်။ (တီထွင်နိုင်ခြင်းတော့ မရှိခဲ့ကြပါဘူး။) ဒါပေမဲ့ ဆရာ ဒေါင်းနွယ်ဆွေရဲ့ ဒီ ကဗျာကတော့ ကာရန်လုံးဝ မပါသလောက်ပါပဲ။ ဒီတော့ မြန်မာကာရန်မဲ့ ကဗျာအစ ဒေါင်းနွယ်ဆွေက လို့ပြောရမှာ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဆရာ ဒေါင်းနွယ်ကိုယ်တိုင်က ဒီကာရန် မဲ့ကဗျာပုံသဏ္ဍာန် ကိုစမ်းသပ်ရုံသာ စမ်းသပ်ခဲ့ပြီး ကဗျာပုံသဏ္ဍာန် တစ်ခု အဖြစ် ဆုပ်ကိုင်ပြီး ဆက်လက်မရေးခဲ့ပါဘူး။ ဒီကဗျာတွေစတင်ဖြစ်ထွန်းခါစက ကျွန်တော်တို့ကဗျာလောကမှာ တော်တော်ကို လှုပ်ခက်သွားပါတယ်..။ ကဗျာဆရာတွေ အငြင်းပွားမှုတွေဖြစ်ကြပါသေးတယ်။နောက်ဆုံးတော့ ခေတ်ပေါ်ကဗျာကပဲ တစ်ဖြည်းဖြည်းလူငယ်တွေကြား နေရာယူလာပါတော့တယ်။
ဝန်ခံချက်---ကဗျာဆရာကြီးများ၏ဆောင်းပါးအချို့ကိုလေ့လာပြီး ယနေ့လူငယ်မော်ဒန်ကဗျာ
ဝါသနာရှင်များအတွက် လေ့လာမိသမျှတင်ပြလိုက်ခြင်းဖြစ်ပါသည်။။
Powered By Blogger